Local News

အဆိုတော် ဂေဂေးနဲ့ မိန်းကလေးချင်း ချစ်သူ ဖြစ်တာ ၃ နှစ် ရှိသွားပြီဖြစ်တဲ့အကြောင်း ဖွင့်ပြောပြလာတဲ့ အလှမယ် ဆွေဇင်ထက်

အဆိုေတာ္ ေဂေဂးနဲ႔ မိန္းကေလးခ်င္း ခ်စ္သူ ျဖစ္တာ ၃ ႏွစ္ ရွိသြားၿပီျဖစ္တဲ့အေႀကာင္း ဖြင့္ေျပာျပလာတဲ့ အလွမယ္ ေေဆြဇင္ထက္

ေဆြဇင္ထက္ကေတာ့ Miss Universe Myanmar 2019 ဆုကို ရရွိထားတဲ့ အလွမယ္ တစ္ေယာက္ျဖစ္ပါတယ္။ သူမဟာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ အတြင္းက

အေမရိကန္ႏိုင္ငံ၊ေဂ်ာ္ဂ်ီယာျပည္နယ္၊ အတၱလႏၲာၿမိဳ႕မွာ(၆၉)ႀကိမ္ေျမာက္အျဖစ္က်င္းပျပဳလုပ္တဲ့ Miss Universe 2019 အလွမယ္ ၿပိဳင္ပြဲႀကီးကို ျမန္မာႏိုင္ငံကိုယ္စားျပဳအေနနဲ႔ သြားေရာက္ ယွဥ္ၿပိဳင္ခဲ့တာပါ။

သူမရဲ႕ ခ်စ္သူ အဆိုေတာ္ ေဂေဂးကေတာ့ ” ေမာင့္ ေနာက္လိုက္ခဲ့မယ္” ဆိုတဲ့ သီခ်င္းကေန တဆင့္ ေအာင္ျမင္လာခဲ့တဲ့ အဆိုေတာ္ တစ္ဦးျဖစ္ပါတယ္။ ယခုရက္ပိုင္း မီဒီယာေတြ႕ဆုံမႈတစ္ခုမွာေတာ့

ေဆြဇင္ထက္နဲ႔ ေဂးေဂးက မိန္းကေလးခ်င္း ခ်စ္သူ ျဖစ္တာ ၃ ႏွစ္ ရွိသြားၿပီျဖစ္ေၾကာင္း ေျပာျပလာခဲ့တာပါ “ေဂးတို႔ ႏွစ္ေယာက္ခ်စ္သူျဖစ္တာေတာ့ သုံးႏွစ္ေက်ာ္ၿပီေပါ့ေနာ္

ဒါေပမယ့္လည္း တစ္ေယာက္နဲ႔ တစ္ေယာက္အႀကိဳက္ကလုံးဝမတူဘူး သူက ခ်ဥ္ခ်ဥ္စပ္စပ္ ေတြႀကိဳက္တယ္ ေဂးက အစပ္မစားႏိုင္ဘူး အခ်ိဳအဆိမ့္ေတြ ႀကိဳက္တယ္ ေဂးက ေအးေအးေဆးေဆးေနရတာႀကိဳက္တယ္

သူကဆူဆူညံညံေတြႀကိဳက္တယ္ ကလပ္သြားရတာမ်ိဳးကို ႀကိဳက္တယ္ မတူဆို ဘာတစ္ခုမွကို မတူတာပါ ” လို႔ ေဂးေဂးက ေျပာျပခဲ့တာပါ

ဆက္လက္ၿပီး ေဆြဇင္ထက္က”ေဂးကအမႀကီးက အမိအရာလိုပါပဲ တခါတေလက်ရင္ကိုယ္ကမႀကိဳက္ဘူး ဆရာႀကီးလုပ္တာတို႔ဘာတို႔ဆိုရင္ကိုယ့္ကိုနည္းနည္းပါးပါးရင့္ရင္ မႀကိဳက္ဘူး ကိုယ္ကလည္း သူရင့္ရင္ ျပန္ရင့္လိုက္ရမွ ႏွစ္ဆသုံးဆကိုယ္ကျပန္ရင့္တယ္

ၿပီးရင္ မပတ္သတ္နဲ႔ေတာ့ သြားဆိုၿပီး ကိုယ္ကမႀကိဳက္တဲ့လူဆိုေတာ့ေလ အဲ့လိုဆို သူႀကိဳက္သေလာက္ေျပာ လုံးဝမလုပ္ဘူး ျပန္မေျပာနားမေထာင္ေပါ့

သူကဒါလုပ္ဆို လုံးဝမလုပ္ဘူး မလုပ္နဲ႔ဆိုတာကို ရေအာင္လုပ္တာ ” လို႔ သူမတို႔ ႏွစ္ေယာက္ရဲ႕ Relationship အေၾကာင္းကို ေျပာျပလာခဲ့တာျဖစ္ပါတယ္

ကိုးကြယ္တဲ့ဘာသာမတူညီၾကတာနဲ႔ပတ္သတ္ၿပီးေတာ့လည္း ေဂးေဂးက “ဒီေန႔ဆိုလည္း ဘုန္းႀကီးေက်ာင္းမွာ အလႉလုပ္မယ္ဆိုေတာ့ ေဂးလိုက္ေပးတယ္

ဘာမွေတာ့ မျဖစ္ဘူး ေဂး ခရစ္ယာန္ ဆိုေတာ့ ဘုရားေက်ာင္းတက္လို႔ရွိရင္ သူတခါတေလက်ရင္ လိုက္တယ္ တခါတေလက်ရင္လည္း မလိုက္ဘူးေပါ့ေနာ္

ေဂးတို႔ၾကားမွာ ဘာသာေရးနဲ႔ ပတ္သတ္ၿပီး ဘာအယူဝါဒအစြဲမွလည္းမရွိဘူး ဆိုေတာ့ အရမ္းႀကီးကို အဆင္ေျပတယ္” လို႔ ဆိုလာခဲ့တာျဖစ္ပါတယ္ ေဂးေဂးနဲ႔ေဆြဇင္ထက္ကေတာ့ မိဘေတြအခ်င္းခ်င္းလည္း သေဘာတူၾကၿပီး

သူမတို႔ ခ်စ္သူႏွစ္ဦး ဘဝခရီးကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းေနတဲ့အေၾကာင္း ေျပာျပခဲ့တာပဲျဖစ္ပါတယ္ေနာ္

အဆုံးထိဖတ္ေပးၾကလို႔ ေက်းဇူးတင္ပါတယ္ေနာ္

crd-Shwe Yaung Myanmar

ယူနီကုတ္

အဆိုတော် ဂေဂေးနဲ့ မိန်းကလေးချင်း ချစ်သူ ဖြစ်တာ ၃ နှစ် ရှိသွားပြီဖြစ်တဲ့အကြောင်း ဖွင့်ပြောပြလာတဲ့ အလှမယ် ဆွေဇင်ထက်

ဆွေဇင်ထက်ကတော့ Miss Universe Myanmar 2019 ဆုကို ရရှိထားတဲ့ အလှမယ် တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းက

အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ(၆၉)ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်တဲ့ Miss Universe 2019 အလှမယ် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တာပါ။

သူမရဲ့ ချစ်သူ အဆိုတော် ဂေဂေးကတော့ ” မောင့် နောက်လိုက်ခဲ့မယ်” ဆိုတဲ့ သီချင်းကနေ တဆင့် အောင်မြင်လာခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့

ဆွေဇင်ထက်နဲ့ ဂေးဂေးက မိန်းကလေးချင်း ချစ်သူ ဖြစ်တာ ၃ နှစ် ရှိသွားပြီဖြစ်ကြောင်း ပြောပြလာခဲ့တာပါ “ဂေးတို့ နှစ်ယောက်ချစ်သူဖြစ်တာတော့ သုံးနှစ်ကျော်ပြီပေါ့နော်

ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက်အကြိုက်ကလုံးဝမတူဘူး သူက ချဉ်ချဉ်စပ်စပ် တွေကြိုက်တယ် ဂေးက အစပ်မစားနိုင်ဘူး အချိုအဆိမ့်တွေ ကြိုက်တယ် ဂေးက အေးအေးဆေးဆေးနေရတာကြိုက်တယ်

သူကဆူဆူညံညံတွေကြိုက်တယ် ကလပ်သွားရတာမျိုးကို ကြိုက်တယ် မတူဆို ဘာတစ်ခုမှကို မတူတာပါ ” လို့ ဂေးဂေးက ပြောပြခဲ့တာပါ

ဆက်လက်ပြီး ဆွေဇင်ထက်က”ဂေးကအမကြီးက အမိအရာလိုပါပဲ တခါတလေကျရင်ကိုယ်ကမကြိုက်ဘူး ဆရာကြီးလုပ်တာတို့ဘာတို့ဆိုရင်ကိုယ့်ကိုနည်းနည်းပါးပါးရင့်ရင် မကြိုက်ဘူး ကိုယ်ကလည်း သူရင့်ရင် ပြန်ရင့်လိုက်ရမှ နှစ်ဆသုံးဆကိုယ်ကပြန်ရင့်တယ်

ပြီးရင် မပတ်သတ်နဲ့တော့ သွားဆိုပြီး ကိုယ်ကမကြိုက်တဲ့လူဆိုတော့လေ အဲ့လိုဆို သူကြိုက်သလောက်ပြော လုံးဝမလုပ်ဘူး ပြန်မပြောနားမထောင်ပေါ့

သူကဒါလုပ်ဆို လုံးဝမလုပ်ဘူး မလုပ်နဲ့ဆိုတာကို ရအောင်လုပ်တာ ” လို့ သူမတို့ နှစ်ယောက်ရဲ့ Relationship အကြောင်းကို ပြောပြလာခဲ့တာဖြစ်ပါတယ်

ကိုးကွယ်တဲ့ဘာသာမတူညီကြတာနဲ့ပတ်သတ်ပြီးတော့လည်း ဂေးဂေးက “ဒီနေ့ဆိုလည်း ဘုန်းကြီးကျောင်းမှာ အလှူလုပ်မယ်ဆိုတော့ ဂေးလိုက်ပေးတယ်

ဘာမှတော့ မဖြစ်ဘူး ဂေး ခရစ်ယာန် ဆိုတော့ ဘုရားကျောင်းတက်လို့ရှိရင် သူတခါတလေကျရင် လိုက်တယ် တခါတလေကျရင်လည်း မလိုက်ဘူးပေါ့နော်

ဂေးတို့ကြားမှာ ဘာသာရေးနဲ့ ပတ်သတ်ပြီး ဘာအယူဝါဒအစွဲမှလည်းမရှိဘူး ဆိုတော့ အရမ်းကြီးကို အဆင်ပြေတယ်” လို့ ဆိုလာခဲ့တာဖြစ်ပါတယ် ဂေးဂေးနဲ့ဆွေဇင်ထက်ကတော့ မိဘတွေအချင်းချင်းလည်း သဘောတူကြပြီး

သူမတို့ ချစ်သူနှစ်ဦး ဘဝခရီးကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့အကြောင်း ပြောပြခဲ့တာပဲဖြစ်ပါတယ်နော်

အဆုံးထိဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

crd-Shwe Yaung Myanmar