Local News

ရုတ်တရက် မျက်နှာတစ်ခြမ်းလေဖြန်းသွားခဲ့ရတဲ့ လူရွှင်တော် ငြိမ်းချမ်း

လူရွှင်တော် ငြိမ်းချမ်းဟာ လက်ရှိမှာ ရုတ်တရက် မျက်နှာတစ်ခြမ်း လေဖြန်းသွားတဲ့ ဝေဒနာကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဒီလို လေဖြန်းသွားခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း ငြိမ်းချမ်းက ပြောပြခဲ့ပါတယ်။

“ လပြည့်နေ့တုန်းက ဦးတို့ ချွန်တွန်းအဖွဲ့က ဘုရားကိုမနက်(၆) နာရီလောက်အရောက်သွားကြမယ်ဆိုတော့ ဦးက မနက်အိပ်ရာထရင် ရေချိုးတတ်တဲ့အကျင့်ရှိတယ်၊ ဘုရားလည်းသွားမှာဆိုတော့ သန့်သန့်ရှင်းရှင်းဖြစ်အောင် ရေချိုးလိုက်တယ်၊ ဘုရားက ပြန်လာပြီးတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းအတွက် ကထိန်ခင်းလိုက်သေးတယ်။ အဲဒီမှာ ဒန်ပေါက်တော့ နည်းနည်းစားခဲ့တယ်။ သွေးတိုး၊ ဆီးချို ဘာမှလည်း မရှိတဲ့အပြင် အရင်တုန်းကလည်း ဒန်ပေါက်စားနေကြ ဘာမှ မဖြစ်ဘူး။ အရက်တို့၊ ကွမ်းတို့လည်း ဦးက မစားဘူး။ ဒန်ပေါက်ဆိုလည်း ဦးက တစ်ပွဲတောင် မကုန်ပါဘူး ကြက်သားဆိုလည်း တစ်ဖဲ့လောက်ပဲ စားဖြစ်ခဲ့တာ။ ညနေ အိမ်ပြန်ရောက်တော့ ပါးစပ်တစ်ခြမ်းက စကားပြောရတာ တစ်မျိုးကြီးပဲပေါ့။ အရင်တုန်းက ဦးက လည်ချောင်းက အဆီအကြိတ်ဖုကို ခွဲဖူးတယ်။ အဲဒီတုန်းက အာရုံကြောထိပြီး ပါးစပ်ရွဲ့သွားဖူးတယ်။ အာရုံကြောဆေး သောက်လိုက်တာ ပြန်ကောင်းသွားတယ်။ အခုလည်း လေဖြတ်တယ်ဆိုတာ မသိရသေးပဲ အာရုံကြောဖြစ်တယ်အောက်မေ့ပြီး ဦးနှောက်နဲ့ အာရုံကြော ဆေးရုံကို သွားလိုက်တယ်၊ ဆေးလည်း ပေးလိုက်တယ်။ ရပ်ကွက်ထဲက ဆရာဝန်နဲ့ ညနေပိုင်းတစ်ကြိမ် သွားပြတော့မှ လေဖြန်းသွားတာ ဆိုတာ သိရတာ” လို့ သူက ဆိုပါတယ်။

ငြိမ်းချမ်းရဲ့ ကျန်းမာရေးအခြေအနေကို သိလိုက်ရတဲ့ ပရိသတ်တွေကလည်း စိုးရိမ်တကြီးနဲ့ ကျန်းမာရေးပြန်ကောင်းလာဖို့ ဆုတောင်းခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ငြိမ်းချမ်းကိုယ်တိုင်ကလည်း သူ့ရဲ့ ကျန်းမာရေးအမြန်ဆုံးပြန်ကောင်းလာဖို့ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

“အခုတော့ မြန်မာဆရာကိုလည်း ပြရတယ်၊ အင်္ဂလိပ်ဆရာကိုလည်း ပြရင်း ဆေးကုသမှု ခံယူနေပါတယ်။ အင်္ဂလိပ်ဆေးခန်းကတော့ အာရုံကြော အားဆေးတွေ ထိုးပေးတယ်။ မြန်မာဆရာကတော့ ထိုးဆေးတွေရော၊ လိမ်းဆေးတွေရော၊ သောက်ဆေးတွေရော ပေးပါတယ်။ မျက်နှာတစ်ခြမ်းလေဖြတ်သွားပေမယ့် နောက်တစ်ခြမ်းနဲ့တော့ စကားပြောလို့ရပါသေးတယ်။ ပရိသတ်ရဲ့ စေတနာ၊ မေတ္တာတွေကြောင့် မကြာခင်မှာ နေပြန်ကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

ဟာသသရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ လူရွှင်တော် တစ်ယောက်လည်းဖြစ်တဲ့ ငြိမ်းချမ်းရဲ့ အနုပညာသက်တမ်းကတော့ နှစ် ၃၀ ကျော်ကိုရောက်ရှိလို့နေပါပြီ။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ အရင်ဆုံး သိရှိခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တဲ့ သူ့ရဲ့ ဟာသလေးကတော့ ” သောက်မလား ကို့ … ရေခဲရေ .. ရေခဲရေ” ဆိုတဲ့ သူ့ရဲ့ ပျက်လုံးလေးဟာအခုချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတုန်းပါပဲ။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။

ဆယ်လီရပ်ကွက်

Unicode

႐ုတ္တရက္ မ်က္ႏွာတစ္ျခမ္းေလျဖန္းသြားခဲ့ရတဲ့ လူ႐ႊင္ေတာ္ ၿငိမ္းခ်မ္း

လူ႐ႊင္ေတာ္ ၿငိမ္းခ်မ္းဟာ လက္ရွိမွာ ႐ုတ္တရက္ မ်က္ႏွာတစ္ျခမ္း ေလျဖန္းသြားတဲ့ ေဝဒနာကို ခံစားေနရတယ္လို႔ ဆိုပါတယ္။ ဒီလို ေလျဖန္းသြားခဲ့ရတဲ့ အေၾကာင္းအရင္းကိုလည္း ၿငိမ္းခ်မ္းက ေျပာျပခဲ့ပါတယ္။

 

“ လျပည့္ေန႕တုန္းက ဦးတို႔ ခြၽန္တြန္းအဖြဲ႕က ဘုရားကိုမနက္(၆) နာရီေလာက္အေရာက္သြားၾကမယ္ဆိုေတာ့ ဦးက မနက္အိပ္ရာထရင္ ေရခ်ိဳးတတ္တဲ့အက်င့္ရွိတယ္၊ ဘုရားလည္းသြားမွာဆိုေတာ့ သန့္သန့္ရွင္းရွင္းျဖစ္ေအာင္ ေရခ်ိဳးလိုက္တယ္၊ ဘုရားက ျပန္လာၿပီးေတာ့ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းအတြက္ ကထိန္ခင္းလိုက္ေသးတယ္။ အဲဒီမွာ ဒန္ေပါက္ေတာ့ နည္းနည္းစားခဲ့တယ္။ ေသြးတိုး၊ ဆီးခ်ိဳ ဘာမွလည္း မရွိတဲ့အျပင္ အရင္တုန္းကလည္း ဒန္ေပါက္စားေနၾက ဘာမွ မျဖစ္ဘူး။ အရက္တို႔၊ ကြမ္းတို႔လည္း ဦးက မစားဘူး။ ဒန္ေပါက္ဆိုလည္း ဦးက တစ္ပြဲေတာင္ မကုန္ပါဘူး ၾကက္သားဆိုလည္း တစ္ဖဲ့ေလာက္ပဲ စားျဖစ္ခဲ့တာ။ ညေန အိမ္ျပန္ေရာက္ေတာ့ ပါးစပ္တစ္ျခမ္းက စကားေျပာရတာ တစ္မ်ိဳးႀကီးပဲေပါ့။ အရင္တုန္းက ဦးက လည္ေခ်ာင္းက အဆီအႀကိတ္ဖုကို ခြဲဖူးတယ္။ အဲဒီတုန္းက အာ႐ုံေၾကာထိၿပီး ပါးစပ္႐ြဲ႕သြားဖူးတယ္။ အာ႐ုံေၾကာေဆး ေသာက္လိုက္တာ ျပန္ေကာင္းသြားတယ္။ အခုလည္း ေလျဖတ္တယ္ဆိုတာ မသိရေသးပဲ အာ႐ုံေၾကာျဖစ္တယ္ေအာက္ေမ့ၿပီး ဦးေႏွာက္နဲ႕ အာ႐ုံေၾကာ ေဆး႐ုံကို သြားလိုက္တယ္၊ ေဆးလည္း ေပးလိုက္တယ္။ ရပ္ကြက္ထဲက ဆရာဝန္နဲ႕ ညေနပိုင္းတစ္ႀကိမ္ သြားျပေတာ့မွ ေလျဖန္းသြားတာ ဆိုတာ သိရတာ” လို႔ သူက ဆိုပါတယ္။

ၿငိမ္းခ်မ္းရဲ႕ က်န္းမာေရးအေျခအေနကို သိလိုက္ရတဲ့ ပရိသတ္ေတြကလည္း စိုးရိမ္တႀကီးနဲ႕ က်န္းမာေရးျပန္ေကာင္းလာဖို႔ ဆုေတာင္းခဲ့ၾကတာကိုလည္း ေတြ႕ရပါတယ္။ ၿငိမ္းခ်မ္းကိုယ္တိုင္ကလည္း သူ႕ရဲ႕ က်န္းမာေရးအျမန္ဆုံးျပန္ေကာင္းလာဖို႔ ေဆးကုသမႈခံယူေနတယ္လို႔ ဆိုပါတယ္။

“အခုေတာ့ ျမန္မာဆရာကိုလည္း ျပရတယ္၊ အဂၤလိပ္ဆရာကိုလည္း ျပရင္း ေဆးကုသမႈ ခံယူေနပါတယ္။ အဂၤလိပ္ေဆးခန္းကေတာ့ အာ႐ုံေၾကာ အားေဆးေတြ ထိုးေပးတယ္။ ျမန္မာဆရာကေတာ့ ထိုးေဆးေတြေရာ၊ လိမ္းေဆးေတြေရာ၊ ေသာက္ေဆးေတြေရာ ေပးပါတယ္။ မ်က္ႏွာတစ္ျခမ္းေလျဖတ္သြားေပမယ့္ ေနာက္တစ္ျခမ္းနဲ႕ေတာ့ စကားေျပာလို႔ရပါေသးတယ္။ ပရိသတ္ရဲ႕ ေစတနာ၊ ေမတၱာေတြေၾကာင့္ မၾကာခင္မွာ ေနျပန္ေကာင္းလာမယ္လို႔ ယုံၾကည္ပါတယ္။ အားလုံးကိုလည္း ေက်းဇူးအမ်ားႀကီး တင္ပါတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။

 

ဟာသသ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္၊ လူ႐ႊင္ေတာ္ တစ္ေယာက္လည္းျဖစ္တဲ့ ၿငိမ္းခ်မ္းရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ ၃၀ ေက်ာ္ကိုေရာက္ရွိလို႔ေနပါၿပီ။ သူ႕ကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ အရင္ဆုံး သိရွိခဲ့ၾကတာျဖစ္ပါတယ္။ ပရိသတ္ေတြၾကားမွာ ေအာင္ျမင္ခဲ့တဲ့ သူ႕ရဲ႕ ဟာသေလးကေတာ့ ” ေသာက္မလား ကို႔ … ေရခဲေရ .. ေရခဲေရ” ဆိုတဲ့ သူ႕ရဲ႕ ပ်က္လုံးေလးဟာအခုခ်ိန္ထိ ပရိသတ္ေတြရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားတုန္းပါပဲ။ အဲဒီေနာက္မွာေတာ့ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ကားႀကီးေတြမွာ ဟာသသ႐ုပ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္လာတာကို ေတြ႕ရပါတယ္။

ဆယ္လီရပ္ကြက္