Sports

အဝေးကွင်းမှာ အံ့ဩဖို့ကောင်းတဲ့ခြေစွမ်းတွေနဲ့ အနိုင်သုံးမှတ်ရရှိခဲ့တဲ့ ယူနိုက်တက်

ညက ယှဉ်ပြိုင်သွားတဲ့ ၀က်စ်ဟမ်း အသင်းနဲ့ပွဲစဉ်မှာတော့ ကျွန်တော်တို့ ယူနိုက်တက်အသင်းက တစ်ဂိုး သုံးဂိုးဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲပါတယ်။ ထိုပွဲစဉ်မှာလည်း ပထမပိုင်းမှာ အရေးနိမ့်ခဲ့ပေမယ့် အံ့ဩစရာကောင်းလောက်တဲ့ ခြေစွမ်း တွေနဲ့အတူ ဒုတိယပိုင်းမှာ တန်ပြန် ခြေပဂိုးတွေနဲ့ ထိုက်ထိုက်တန်တန်အနိုင်သုံးမှတ်ကို ရယူခဲ့ပါတယ်။

ပွဲအစ မှာ ယူနိုက်တက်ဟာ ဂိုသမားအနေနဲ့ ဟန်ဒါဆန်၊ ‌နောက်တန်းအနေနဲ့ မက်ဂွိုင်းယား၊ လင်ဒီလော့ဒ်၊ ဘစ်ဆာကာ၊ တဲလက်စ် ပြီးတော့ ကွင်းလယ်မှာ ပေါ့ဘာ ဗန်ဒီဘစ် တော်မီနေး တို့‌နဲ့အတူ မာရှယ်၊ ဂရင်းဝုဒ်နှင့် ကာဗာနီတို့ ပွဲထွက်လာခဲ့ပါတယ်။

ဟန်ဒါဆန်ကတော့ သူ့ရယ့် ပထမဆုံး ပရီးမီးယားလိဒ်ပွဲစဉ် ပွဲချိန်ပြည့်ကစားရတာလည်း ဖြစ်ပါတယ်။ ပွဲချိန် 38မိနစ်မှာတော့ ဒေါင်ကန်ဘောကနေ ရိုက်စ်ရယ့် ဘောလုံးအကျကို ပိတ်သွင်းခဲ့တဲ့ သောမက်ဆိုစက်ရယ့် သွင်းဂိုးဖြင့် ၀က်စ်ဟမ်းတို့ ဂိုးရရှိခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ဟန်ဒါဆန်လက်စွမ်းပြလို့ တချို့ဂိုးတွေ သက်သာသွားတယ်ပြောရပါမယ်။ ပထမပိုင်းမှာ ဂိုးကံခေခဲ့ရပြီး ဒုတိယပိုင်းပြန်အစမှာ ယူနိုက်တက်နည်းပြဆိုးရှားလ်ကတော့ ဘန်ဒီဘစ်အစား ဘရူနို ၊ကာဗာနီ အစား ရက်ဖို့ဒ်၀င်ရောက်လာခဲ့ပြီး 62မိနစ်အရောက်မှာ မာရှယ်အစား မာတာ၀င်ရောက်ခဲ့ပါတယ်။

ထိုလူစားလှဲမှု အပြီးမှာ ယူနိုက်တက်တို့ ကစားအားတက်ခဲ့ပြီး ပွဲချိန် 65မိနစ်မှာ ဘရူနိုရယ့်ပေးပို့မှူကနေ ပေါ့ဘာရယ့် အဝေးကစ်ဖြင့် ယူနိုက်တက်တို့ ခြေပဂိုးရရှ်ိခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို 68မိနစ်မှာ တဲလက်စ်ရယ့် ဖြတ်တင်မှုကနေ ဂရင်းဝုဒ်တို့ အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

78မိနစ်မှာတော့ မာတာရယ့် အကွက်မြင်မြင်ပေးပို့မှုကနေ ရက်ဖို့ဒ်က ပိတ်သွင်းယူပြီး အနိုင်သုံးမှတ်ရရှိခဲ့ပါတယ်။ ထိုပွဲစဉ်မှာတော့ ယူနိုက်တက်တို့အတွက် ဘရူနိုပါ၀င်လာပြီး ကစားတက်သွားပုံက ဘရူနိုရယ့် အရေးပါပုံကို မြင်နိုင်ပါတယ်။ ထိုအနိုင်ရရှ်ိမှုအပြီးမှာတော့ တစ်ပွဲလျော့အနေအထားနဲ့ အမှတ်19မှတ် ရရှိထားပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER