Local News

ကြီးလာရင် မင်းသမီး ပဲဖြစ်ချင်တယ်ဆိုတဲ့ သရုပ်ဆောင် နိုင်လူ ရဲ့ သမီးလေး ခေတ်ဆည်းဆာ

ပရိသတ်ကြီးရေ.. ပြည်သူချစ်အနုပညာရှင်တွေရဲ့ ရင်သွေးလေးတွေထဲမှာ လူကြမ်းမင်းသားကြီးအဖြစ် ပရိသတ်တွေလူသိများတဲ့ ဇာတ်ပို့သရုပ်ဆောင်နိုင်လူရဲ့ သမီးချောလေး ခေတ်ဆည်းဆာကလည်း အပါအဝင်ပါပဲ..။၀၀ကစ်ကစ် ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးခေတ်ဆည်းဆာကတော့ အသည်းယားစရာပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစစ်တော်လေးဆိုလည်း မမှားပါဘူး..။

လူကြမ်းမင်းသားကြီး နိုင်လူကတော့ ပီပြင်တဲ့ ဗီလိန်ဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေလူသိများသလို ချစ်စရာကောင်းတဲ့ သမီးချောလေးခေတ်ဆည်းဆာကြောင့်လည်း မျက်နှာပန်းပွင့်ပြီး ပိုပိုပြီး လူသိများလာတာလည်း တွေ့ရပါတယ်..။ နိုင်လူကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး မြင်သူတိုင်းချစ်ခင်ကြတဲ့ ခေတ်ဆည်းဆာသမီးလေး ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။

ခေတ်ဆည်းဆာကတော့ ကြီးလာရင် မင်းသမီးဖြစ်ချင်တယ်လို့ ပြောလာခဲ့ပါတယ်။ ခေတ်ဆည်းဆာလေးကတော့ အနုပညာမျိုးရိုးကနေ ဆင်းသက်လာသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဖခင်ကလဲ လူကြမ်းသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို အဖိုးဖြစ်သူ ဦးကြူးမာကလဲ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာမျိုးရိုးဗီဇပါလာတဲ့ ကြီးလာရင်မင်းသမီးဖြစ်ချင်တယ်ဆိုတဲ့ ခေတ်ဆည်းဆာလေးရဲ့ interview ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Source : Myanmar Celebrity