Sports

ယူနိုက်တက်ပရိတ်သတ်တွေ ၀မ်းနည်းသွားစေမယ့် အီဂါလိုရယ့် စကားတစ်ခွန်း

အချစ်ဆိုတဲ့ အရာမှာ ချစ်ဖို့တစ်ခုတည်းကိုသိတယ်။ ‌ချစ်နေရရုံနှင့် ကျေနပ်တယ်။တစ်ဖက်သတ်ဘဲချစ်နေမယ်။ အဖြည့်ခံလား ရတယ်။ လိုသုံးလား ရတယ်။ အဲ့လိုလူတေက တဂယ်ချစ်မြတ်နိုးလို့ ဆိုတာသိကြပါတယ်။ကိုယ် ငယ်စဉ်ကတည်းက အမြတ်တနိုးအားပေးခဲ့တဲ အသင်းမှာ ရောက်ရှိရတာနဲ့တင် ကျေနပ်နေခဲ့သူကြီးပါ။

ထိုသူကတော့ အီဂါလိုပင်ဖြစ်ပါတယ်။ ယခု ရာသီ မှာ ပွဲထွက်ခွင့် တောင် မရရှိခဲ့ရပါဘူး။ ထို့အပြင်ဇန်နဝါလ အပြောင်းအရွေ့မှာ ယူနိုက်တက်နှင့် နှုတ်ဆက်ရတော့မှာ ဖြစ်ပါတယ်။ ထိုကိစ္စအပေါ် အီဂါလိုက စိတ်မကောင်းဖြစ်စွာဖြင့် ဤသို့ပြော ပြသွားခဲ့ပါတယ်။

အီဂါလို က “ကျွန်တော် ဒီလိုအခြေ အနေကြီး မှာ ဖြစ်နေရတာ ကျနော့်ကို စိတ်ပျက်စေပါတယ်။ကျနော်ထင်ပါတယ် ဇန်နဝါရီ ကျရင် တရုတ် ကို ကျွန်တော်ပြန်ရမယ်လို့။ ကျွန်တော်ရဲ့ အမြဲတမ်း အိမ်မက်က မန်ချက်စတာ ယူနိုက်တတ် အသင်းအတွက် ကစားပေးဖို့ပါ။

ဒါပေမယ်လေ့ကျင့်ရေးကွင်းမှာဘဲကစားရတာမျိုး မဟုတ်ပါဖူး။တကယ့် ပြိုင်ပွဲအချိန်အတွင်းမှာပါ ကစားခွင့် ရခြင်တာပါ၊ပွဲချိန်တေဆို ကျွန်‌တာ်အမြဲ အရန်ခုံတန်းကနေ ကြည့်နေရတယ်။ဒါကကျွန်တော် ကို နာကျင်စေပါတယ်။ကျနာ်ကတောာ့ အိုလီ အနေနဲ့ ကျွန်တော် အတွက် မိနစ် အနည်းငယ်လောက်ဖြစ်ဖြစ် ကစားခွင့်ပေးဖို့ တကယ် မျှော်လင့်မိပါတယ်။

သဘောတူညီမှု အရဆို ကျွန်တော်က အခုဇန်နဝါရီဆို ပြန်ရတော့ မယ့် အခြေနေမှာ ရှိပါတယ်။ဒါကြောင့်ကျနော့ စိတ်ကို ဇန်နဝါရီမတိုင်ခင် အကောင်းဆုံး ကျေနပ် မှု တေ နဲ့ အတူ အသင်းကနေ ထွင်ခွာဖို့ အိုလီ ကူညီမယ် လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု စိတ်မကောင်းစွာပြောပြသွားခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER